မြန်မာနိုင်ငံနှင့် မုန်တိုင်းအန္တရာယ်




မုန်တိုင်းအန္တရာယ်




                           မုန်တိုင်းဖြစ်ပေါ်တက်သည့်ကာလ
မြန်မာနိုင်ငံတွင်မုန်တိုင်းရာသီနှစ်ချိန်ရှိရာ မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှမေလလယ်အထိနှင့်
မိုးလွန်ကာလဖြစ်သည့်     အောက်တိုဘာလ နှင့်နိုဝင်ဘာလများ ၌ဖြစ်ပေါ်တတ်သည်။
                                              ဖစ်ပေါ်လာပုံ
မုန်တိုင်းဖြစ်ပေါ်မှုသည်ဘင်္ဂလားပင်လယ်အော်အတွင်းစတင်ဖြစ်ပေါ်လေ့ရှိပြီးမုန်တိုင်းများသည်
ကနဦးတွင် အနောက်(သို့)အနောက်မြောက်ဘက် သို့ဦးတည်ရွေ့လျားပါသည်။
တစ်ခါတစ်ရံတွင်   မြောက်(သို့)အရှေ့မြောက်အရပ် ဆီသို့ပြောင်းလဲရွေ့လျားတတ်ပြီး
ထို့ရွေ့လျားမှုသည်မြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းဝင်ရောက်မှုကိုဖြစ်ပေါ်စေတတ်ပါသည်။
ထို့အပြင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းအကြွင်း အကျန် များသည် အနောက်အရပ်သို့ရွေ့လျားရာမှ ကပ္ပလီပင်လယ်ပြင်သို့ရောက်ရှိလာပြီး မုန်တိုင်းအဖြစ်ပြန်လည်အားပျိုးလာတတ်ပါသည်။
မုတ်သုံလေ ရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် မုတ်သုံမုန်တိုင်းငယ်များဖြစ်ပေါ် တတ်ပါသည်
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ ရှိပါသည်။ 
မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ပါက အများဆုံးလေတိုက်နှုန်းတစ်နာရီမိုင်(၁၂၀) မှ (၁၃၀) အထိရှိပါသည်။
 ဖြတ်ကျော်သည့် မုန်တိုင်း၏ အင်အားနှင့်အရွယ်အစားပေါ်တွင်အဓိကမူတည်ပါသည်။ 
အားကောင်းသော မုန်တိုင်း ဖြစ်ပါကလေတိုက်နှုန်း ပိုမိုပြင်းထန်မည်၊ မိုးကြီးမည်၊ မုန်တိုင်းဒီရေတက်ရောက်မှု ပိုမြင့်မည်ဖြစ်ပါသည်။ 

                          
                           မုန်တိုင်းဘေးအန္တရာယ်ရှိသောဒေသများ

ရခိုင်ကမ်းရိုးတန်းနှင့်မြစ်ဝကျွန်းပေါ်ဒေသများသည်မုန်တိုင်းဘေးအန္တရာယ်ရှိသောဒေသများဖြစ်ပြီး
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် မုန်တိုင်းများဖြတ်ကျော် ရွေ့လျားမှုကြောင့်ဒေသအလိုက် မိုးကြီးခြင်း၊လျှပ်တစ်ပျက်ရေကြီးခြင်းနှင့်လေပြင်းတိုက်ခတ်မှုများကြုံတွေ့နိုင်ပါသည်။
 
မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်စဉ်လေပြင်းနှင့်အတူပင်လယ်ဒီလှိုင်းကြီးများ
ရုတ်တရက်ကုန်းတွင်းသို့အရှိန်အဟုန်ဖြင့်ဝင်ရောက်ပြီးနောက်
ပင်လယ်ဒီလှိုင်းကြီးများသည်ပင်လယ်ထဲသို့ပြန်လည်စီးဆင်းရာတွင်
သက်ရှိနှင့်အဆောက်အဦ၊ပစ္စည်းများကိုပင်လယ်ထဲသို့ဆွဲယူသွားလေ့ရှိသည်။
မုန်တိုင်းဒီရေသည်ရေထရက်တွင်ပိုမိုမြင့်မားနိုင်ပြီးကမ်းရိုးတန်းမြစ်ဝများမှတဆင့်
ကုန်းတွင်းပိုင်အထိဝင်ရောက်နိုင်သည်။
မုန်တိုင်းကမ်းခြေသို့မဝင်ရောက်မီနာရီအနည်းငယ်အလိုတွင်
မုန်တိုင်း၏လက်ယာဘက်၊အောက်ဘက်တွင်   ဖြစ်ပေါ်တတ်သည်။
 




မုန်တိုင်းအဆင့်သတ်မှတ်ခြင်း

                    မုန်တိုင်းအဆင့် တစ်နာရီလေတိုက်နှုန်း



     လေဖိအားနည်းရပ်ဝန်း
          (၃၂) မိုင်အောက်
          မုန်တိုင်းငယ်
         (၃၂) မိုင် မှ (၃၈)မိုင်
      ဆိုင်ကလုန်းမုန်တိုင်း
         (၃၉)မိုင် မှ (၅၄)မိုင်
   ဆိုင်ကလုန်းမုန်တိုင်းကြီး
         (၅၅)မိုင် မှ (၇၂)မိုင်
   အလွန်အားကောင်းသော
   ဆိုင်ကလုန်းမုန်တိုင်းကြီး
         (၇၃)မိုင်နှင့်အထက်

               
   မုန်တိုင်းအင်အားနှင့်ဦးတည်ရာအလိုက်အရောင်သတ်မှတ်ခြင်း


အဝါရောင်
   
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင်အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်သည့် အချိန်အခါကို အဝါရောင်အခြေအနေဟုသတ်မှတ်သည်။
လိမ္မော်ရောင်
  
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပြင်လယ်ပြင်တို့တွင် အပူပိုင်းမုန်တိုင်း စတင် ဖြစ်ပေါ်ပြီးနောက် မန်မာ့ကမ်းရိုးတန်းဒေသသို့ဦးတည်ရွေ့လျားလာမည့် အချိန်အခါကို လိမ္မော်ရောင်အရေးပေါ်အခြေအနေဟုသတ်မှတ်ပါသည်။
အနီရောင်
မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာပြီး မန်မာ့ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ (၁၂) နာရီ အလိုကို အနီရောင်အရေးပေါ်အခြေအနေဟု သတ်မှတ်သည်။
အညိုရောင်
မြန်မာ့ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်အား
အညိုရောင် အရေးပေါ် အခြေ အနေဟုသတ်မှတ်သည်။
အစိမ်းရောင်
မုန်တိုင်းအားပျော့၍ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားချိန်ကို အစိမ်းရောင် အခြေ အနေဟုသတ်မှတ်သည်။


မုန်တိုင်း မကျရောက်မီ ၊ မုန်တိုင်း တိုက်ခတ်နေစဉ် ၊ မုန်တိုင်းတိုက်ခတ်ပြီး အခြေအနေများအတွင်း
ကြို တင်စီမံ ဆောင်ရွက်ရမည့်  အစီအမံများအား   မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမူဦးစီးဋ္ဌာန ၏
http://www.dmh.gov.mm တွင် ၀င်ရောက်ကြည့် ရှု ရန် ညွှန်းဆိုပါသည်။


Myanmar Net  Villa
Share on Google Plus

About Ko Aung

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment